Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Sunday, 26 June 2011

AUN-Japan ၏ ညီလာခံနှင့် အလုပ်အမှုဆောင် ကော်မီသစ် ရွေးကောက် တင်မြှောက်သည့် အခမ်းအနား

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ညီလာခံ အခမ်းအနားနှင့် ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ KOMAGOME Bunka Center မှာ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးများတို့မှ တာဝန်ခံများ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များဖြင့် စုပေါင်း အကောင်အထည် ဖေါ်ဆောင်သွားရန် ညီလာခံတွင် အတည်ပြု ဆုံဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး အလုပ်အမှုဆောင် ကော်မတီ ရွေးချယ်ရာတွင် AUN-Japan၏ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ အချိုးကျ ရွေးချယ်သည့် ကိုယ်စား (၂၆) ဦးတို့မှ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် မိုင်ကျော်ဦး ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် စိုင်းစီဝမ် အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် နော်အယ်မူ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် စိုင်းနွဲ့ တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ယနေ့ ရွေးကောက်ပွဲ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ၏ နာယက စိုင်းဆမ်မုမ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

Tuesday, 22 February 2011

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှူဆောင် နိုင်ထာဝရ ကွယ်လွန်

(၆၄)နှစ်မြောက် မွန်အမျိုးသားနေ့ ၊နာဂိုယာမြို့၊ ဂျပန်

ဂျပန်နိုင်ငံရောက် မွန်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၆၄)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို နာဂိုယာမြို့ MOTOYAMA CO-PO 4F,ခမ်းမ၌ ယနေ့ အပိုင်း ၂ ပိုင်းခွဲကာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

ပြည်တွင်းမှာ လွတ်လပ်စွာ ကျင်းပခွင့် မရတော့တဲ့ အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်တနေရာတွင် ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပ နိုင်ခြင်းကြောင့် လူများစွာ မလာရောက်နိုင်လင့်ကစား  အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင် သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု  ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက  ပြောပြသွားသည်။

သမိုင်း အစစ်အမှန်ကို ခေတ်ကာလ အလိုက် အပိုင်းအခြားဖြင့် မွန်တို့၏ ဖြစ်တည်မှု အကြောင်းနှင့် မွန်အမျိုးသားများ ဆင်းသက်လာပုံ၊ အမျိုးသားရေး လှုပ်ရှားမှုများကို ကိုမင်းဝင်းတေဇ မှလည်ကောင်း၊   မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင် ရှာဖွေ တွေ့ရှိချက်များကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကျင်းပလေ့ရှိသည့် တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး မွန်အမျိုးသားရေး စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေမှုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သတင်းရေးသားသူ-မိုင်ကျော်ဦး၊ သန့်မျိုးထွေး

Monday, 7 February 2011

သောင်းကျန်းသူအဖွဲ့ဟု မွန်ပြည်သစ်ပါတီအားပြန်လည်ခေါ်ဝေါ်

မင်းထက်အောင်(ဖေဖေါ်ဝါရီ-၄)။ ။ ယနေ့စစ်အစိုးရသတင်းစာများဖေါ်ပြချက်၌ မွန်ပြည်သစ်ပါတီအား မွန်သောင်းကျန်းသူအဖွဲ့ဟု ရေးသားထားသည်ကို ဖတ်ရှုရသည်။

“မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာ၌ ဇန်နဝါရီလ ၃၁ ရက်ညပိုင်းတွင် မွန်သောင်းကျန်းသူအဖွဲ့နှစ်ဖွဲ့ပစ်ခတ်မှုဖြစ်ပွားရာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း” သတင်းရေးသားဖေါ်ပြသည်။

တဖန် မွန်သောင်းကျန်းသူအဖွဲ့နှစ်ဖွဲ့ဆိုရာ၌ “မွန်ခွဲထွက်အဖွဲ့မှတပ်စုမှူးအဆင့်ရှိ ကိုရင်လေး(ခေါ်) ကွန်ဟပွေး ဦးစီးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ တပ်ခွဲမှူးအဆင့်ရှိ ဘကျော် ဦးစီးအဖွဲ့တို့ နာရီဝက်နီးပါးခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်” ဟု စစ်အစိုးရသတင်းစာတွင် ရေးသားထားသည်။

မြန်မာအစိုးရအဆက်ဆက်က မွန်ပြည်သစ်ပါတီအား သောင်းကျန်းသူအဖွဲ့ဟု ခေါ်ဝေါ်လာခဲ့ရာ ၁၉၉၅ ခုနှစ် လက်ရှိစစ်အစိုးရနှင့်မွန်ပြည်သစ်ပါတီအပစ်ရပ်ပြီးနောက် ငြိမ်းချမ်းရေးအဖွဲ့ဟု ပြောင်းလဲခေါ်ဝေါ်လာခဲ့ပြီး အဆိုပါသောင်းကျန်းသူအဖွဲ့ခေါ်ဆိုမှုအသုံးအနှုံး ၁၅ နှစ်ခန့်ရပ်ဆိုင်းခဲ့သည်။

ထို့နောက် အပစ်ရပ်မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်(သို့မဟုတ်) ဌာနေပြည်သူ့စစ်တပ် ပြောင်းလဲဖွဲ့စည်းရန်စစ်အစိုးရက အတင်းအကြပ်ဖိအားပေးလာသဖြင့် ၂၀၁၀ ခုနှစ် ဧပြီလတွင် နှစ်ဖက်တင်းမာမှု ပိုမိုဖြစ်ပေါ်ခဲ့သည်။

၂၀၁၀ ခုနှစ်သြဂုတ်လ(၂၃) ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာချုပ်၌ စစ်အစိုးရနှင့်မွန်ပြည်သစ်ပါတီ နှစ်ဖက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံရာတွင် “လက်နက်စွန့်လွှတ်ရေးဆောင်ရွက်မှုကို (၁၊၉၊၂ဝ၁၀)ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ရပါမယ်။ လက်နက် စွန့်လွှတ်ရေးကိုဆောင်ရွက်မှုမပြုဘဲ ထိုနေ့ထက် ကျော်လွန်ကိုင်ဆောင်မယ်ဆိုရင် နဂိုလ်မူလလက်နက်ကိုင် သောင်းကျန်းသူ အဖြစ်သတ်မှတ်လိုက်မယ်ဖြစ်ပြီး မိမိတို့လဲဥပဒေအရ တရားဝင်ဆက်ဆံခွင့် မရှိတော့ကြောင်း” စစ်အစိုးရကိုယ်စားလှယ်ပြောကြားချက်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

“သောင်းကျန်းသူလို့ မြန်မာစစ်အစိုးရကခေါ်ပေမယ့် တိုင်းရင်းသားတွေမှာကျတော့ တော်လှန်ရေးအဖွဲ့အစည်း၊ တော်လှန်ရေးသမားလို့ခေါ်ကြတယ်၊ အမှန်တကယ် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက တိုင်းရင်းသားဒေသကိုလာရောက်ပြီး သောင်းကျန်းနေတယ်ဆိုတာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ကရင်ပြည်နယ်စစ်ပွဲတွေက သက်သေတွေပဲ” ဟု ဘုရားသုံးဆူဒေသရှိ အမည်မဖေါ်လိုသော ဗုဒ္ဓဘာသာကရင်ဆရာတော်တပါးက မြွက်ဆိုသည်။

၂၀၁၀ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် စစ်အစိုးရသတင်းထုတ်ပြန်ချက်၌ ကေအိုင်အိုကချင်အဖွဲ့အား သောင်းကျန်းသူအဖွဲ့အစည်းဟုရေးသားခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
ကချင်ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူကရင့်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့သည် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီဖွဲ့စည်းခဲ့ပြီး စစ်ရေးမဟာမိတ်ဖွဲ့ပြုထားကြသည်။

လက်ရှိကာလတွင် စစ်အစိုးရတပ်များနှင့် မွန်ပြည်သစ်တပ်ဖွဲ့များ တဖက်နှင့်တဖက် ပစ်ခတ်မှုများမဖြစ်ပေါ်သေးကြောင်း မွန်ပြည်သစ်ပါတီမှ ပြောပြချက်များအရသိရသည်။
  မှတ်ချက်။....။ကာင်းဝါသတင်းဌာန ကူးယူတင်ပြခြင်းဖြစ်သည်။