ဂျပန်နိုင်ငံရောက်   မွန်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၆၄)နှစ်မြောက် မွန်အမျိုးသားနေ့   အခမ်းအနားကို နာဂိုယာမြို့ MOTOYAMA CO-PO 4F,ခမ်းမ၌ ယနေ့ အပိုင်း ၂   ပိုင်းခွဲကာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ပြည်တွင်းမှာ လွတ်လပ်စွာ   ကျင်းပခွင့် မရတော့တဲ့ အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်တနေရာတွင်   ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း   ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပ နိုင်ခြင်းကြောင့် လူများစွာ   မလာရောက်နိုင်လင့်ကစား  အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင်   သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု    ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ်   ကိုမိုင်ကျော်ဦးက  ပြောပြသွားသည်။
သမိုင်း အစစ်အမှန်ကို ခေတ်ကာလ   အလိုက် အပိုင်းအခြားဖြင့် မွန်တို့၏ ဖြစ်တည်မှု အကြောင်းနှင့်   မွန်အမျိုးသားများ ဆင်းသက်လာပုံ၊ အမျိုးသားရေး လှုပ်ရှားမှုများကို   ကိုမင်းဝင်းတေဇ မှလည်ကောင်း၊   မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို   ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင် ရှာဖွေ တွေ့ရှိချက်များကို   powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။
ဂျပန်နိုင်ငံတွင်   ကျင်းပလေ့ရှိသည့် တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း   ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး မွန်အမျိုးသားရေး   စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေမှုများဖြင့်   ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းရေးသားသူ-မိုင်ကျော်ဦး၊ သန့်မျိုးထွေး
 
 
No comments:
Post a Comment