ဖွဲ့စည်းခြင်း။...............။၁၉၉၂ ခုနှစ်တပိုတွဲလပြည့်ကျော်(၁)ရက်နေ့တွင် အဖွဲ့ဝင်(၂၀)ဦးခန့်ဖြင့် အောက်ဖော်ပြပါအတိုင်း စတင်ဖွဲ့စည်းခဲ့ပါသည်။
နာယက။ ။Nai Pan Hla
ဥက္ကဌ။ ။Nai Serm Wong Han
အတွင်းရေးမှူး ။ ။ Nai Soe Lwin
ဘဏ္ဍာရေးမှူး၊ ။ Nai Kyi Lwin တို့ ဖြစ်ပါသည်။
စတင်ဖွဲ့စည်းစဉ်တွင် (မွန်နိုင်ငံတော်ပြန်လည်ထူထောင်ရေး-ဂျပန်နိုင်ငံရောက်မွန်အမျိုးသားများအဖွဲ့) ဟုအမည်ပေးထားသော်လည်း အဖွဲ့ဝင်တွင် ပါဝင်သူအချို့တို့က ၎င်းတို့၏ မိဘညီအကိုမောင်နမများ၊ မိသားစုဝင်များ ၊ မြန်မာနိုင်ငံတွင်ကျန်ရှိနေသည်ကို ထောက်ထားသောအားဖြင့်(ကူညီစောင့်ရှောက်ရေးနှင့် ကုသိုလ်ပြုရေး) ဟု အဓိပ္ပါယ်ရသော ပါဠိဘာသာ (ပုညကာရီ) ကိုသုံးစွဲခဲ့ခြင်းဖြစ်သည်။
ရည်ရွယ်ချက်။ ။ စစ်အာဏာရှင် အဆက်ဆက်တို့၏ တိုင်းရင်းသားလူမျိုးများအပေါ်တွင် လူမျိုးသည့်စီမံကိန်းဖြင့် ဖိနှိပ်မှူအမျိုးမျိုးကိုခံနေပါသည်။ တိုင်းရင်သားတို့၏စာပေနှင့်ယဉ်ကျေးမှူတို့ကို ပိတ်ပင်တားဆီးခြင်း၊ ဘာသာရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူမျိုးနှင့်ပက်သက်၍ အနိုင်ကျင့်နှိပ်စက်ခြင်း စသော လူ့အခွင့်အရေးချိုးဖောက်မှူတို့ကို စနစ်တကျကျူးလွန်နေပါသည်။ (၈၈၈၈)အရေးတော်ပုံကြီးတွင် တိုင်းရင်းသားပေါင်စုံတို့က ဗမာတိုင်းရင်းသားများနှင့် အတူလက်တွဲကာ မဆလ အာဏာရှင်တစ်ပါတီစနစ်ကို ဖြုတ်ချခဲ့ပြီး..။၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် (မွန်အမျိုးသားဒီမိုကရေစီပါတီ) မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်(၅)နေရာတွင် အနိုင်ရရှိခဲ့ပါသည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အခြားသော တိုင်းရင်းသားပါတီများနည်းတူ (မွန်အမျိုးသားဒီမိုကရေစီပါတီ) သည်လည်း စစ်အာဏာရှင်မှ ဂတိပျက်ကာ အာဏာလွှဲပြောင်းပေးခြင်းမပြုပဲ ၊ ပါတီကို မတရားဖျက်သိမ်းခံရပြီး ခေါင်းဆောင်ပိုင်းနှင့် တက်ကြွသော ပါတီဝင်များ ဖမ်းဆီးထောင်ချခြင်း ခံကြရပါသည်။
ထို့ကြောင့် အခြားတိုင်းရင်းသားနည်းတူ မွန်လူမျိုးတို့သည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိသွားကြပြီး မိမိတို့၏နိုင်ငံနှင့် လူမျိုးအတွက် ကျရာတာဝန် တက်နိုင်သည့်ဘက်မှ ပါဝင်ကာ စစ်အာဏာရှင်ကို ချေမှူန်းတိုက်ဖျက်ပြီး၊ တန်တူလူ့အခွင့်အရေးရှိသော၊ ညီညွတ်သော၊ အေးချမ်းသာယာသော၊ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ထွန်းလာသည်အထိ တိုက်ပွဲဝင်ရန်အတွက်၎င်း ၊ပြည်တွင်းနှင့်နယ်စပ်တစ်လျှောက်တွင် ရောက်ရှိနေသော ဒုက္ခသည်တိုင်းရင်းသားများအား တက်နိုင်သမျှ ကူညီစောင့်ရှောက်နိုင်ရန်အတွက်၎င်း ၊ဂျပန်နိုင်ငံတွင်ရောက်ရှိနေကြသော မွန်လူမျိုးများ စည်းစည်းလုံးလုံးနှင့်လူမျိုးရေး၊ နိုင်ငံရေးတို့ကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက်၎င်း ၊ (ပုညကာရီ) မွန်အမျိုးသားများအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
(မင်းမျိုးချစ်)
ပုညကာရီ မွန်အမျိုးသားများအဖွဲ့ (ဂျပန်)
No comments:
Post a Comment