Sunday 26 June 2011

AUN-Japan ၏ ညီလာခံနှင့် အလုပ်အမှုဆောင် ကော်မီသစ် ရွေးကောက် တင်မြှောက်သည့် အခမ်းအနား

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ညီလာခံ အခမ်းအနားနှင့် ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ KOMAGOME Bunka Center မှာ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးများတို့မှ တာဝန်ခံများ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များဖြင့် စုပေါင်း အကောင်အထည် ဖေါ်ဆောင်သွားရန် ညီလာခံတွင် အတည်ပြု ဆုံဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး အလုပ်အမှုဆောင် ကော်မတီ ရွေးချယ်ရာတွင် AUN-Japan၏ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ အချိုးကျ ရွေးချယ်သည့် ကိုယ်စား (၂၆) ဦးတို့မှ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် မိုင်ကျော်ဦး ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် စိုင်းစီဝမ် အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် နော်အယ်မူ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် စိုင်းနွဲ့ တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ယနေ့ ရွေးကောက်ပွဲ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ၏ နာယက စိုင်းဆမ်မုမ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

No comments:

Post a Comment